Care and Nature

Samia Akhter-Khan
1 May 2023
Share:

Part 2 of the exhibition shows how care is not only provided to other people but also to the environment. People care for and about nature by planting trees and growing vegetables. Being in nature has mental health benefits as it makes people feel at ease and helps relieve their worries and stress. As children and the government cannot be relied upon to provide care, older migrants from Myanmar need to rely on themselves, nature, and God

အဲ့ဟာနဲ့ ကိုယ့်အိမ်နားပတ်ဝန်းကျင်ပဲ ဟိုပန်းလေးစိုက် ဒီပန်းလေးစိုက် အားတဲ့အချိန်လေးစိုက်၊ အဲ့ဒါလေး ပြန်လာရင် မျက်စိအေးအောင် သဘာဝအလှလေးကြည့်ရတာပေါ့။ အဲ့ဟာကြောင့် သဘာဝပဲကြည့်ချင်တာပေါ့။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် သံသရာလည်နေတာ။ မိုးလင်းလာရင် ဒီလူ ဒီအလုပ် မိုးလင်းလာရင် ဒီလူ ဒီလုပ်နဲ့ပဲ။  

အဲ့ဒါ ကြောင့် သဘာဝကို ကိုယ်ကကြည့်ချိန်မရတော့ ဓာတ်ပုံလေးရိုက်ထားတဲ့အခါကျတော့ ဒါလေးတွေပဲ အားတဲ့အခါပြန်ကြည့်နေရတာပေါ့။ 

I grow flowers near my home when I am free. When I come back, I look at the natural beauty, which makes my eyes feel fresh. This is why I wanted to see the nature. Home to work and work to home. It is a cycle. Whenever the sun rises, I am surrounded by the same people. Thus, since I did not have time to see nature, I took photos and looked back at them when I was free. 

သဘာဝတွေပဲလိုက်ရိုက်ထားတာ။ သဘာဝချည်းပဲရိုက်တာ။ သဘာဝအလှအပ။  သဘာဝကအရေးကြီးတယ်လေ။ သဘာဝရှိမှ လူတွေလည်းအသက်ရှင်မှာလေ။ သဘာဝကလည်း အိမ်နဲ့အလုပ် အလုပ်နဲ့အိမ်ဆိုတော့ လည်း ဘာမှလည်း ကိုယ့်မှာ အပြင်သဘာဝလည်းခံစားမှုမရှိဘူး။  

We took many photos of nature. Nature is important. Due to the existence of nature, people can be alive. Because we go from home to work and from work to home, we cannot experience much nature.

 

စိတ်ကြည်နူးတယ်။ ကြည်နူးတာပေါ့။ စိတ်ကြည်နူးတယ်။ စိတ်ချမ်းသာတယ်။ လန်းဆန်းတယ်။ ကျန်တာတွေအကုန်လုံးမေ့ အော်ဒါလေးတွေနဲ့ဒီလို သဘာဝ ဟိုလယ်ကွက်လေးဆိုလည်း ကိုယ့်ဟာကိုယ် အိမ်လေးဆောက်နေ စိုက်စား ပျိုးစား အဲ့လိုလေးအေးအေးချမ်းချမ်းနေချင်တာပေါ့နော်။

ကြည်နူးတာပေါ့။ အဲ့လိုလေးအေးအေးချမ်းချမ်းနေချင်တာေပါ့နော့။ ကြည်နူးပေါ့။

I feel cheerful. I feel happy. I feel fresh. I forgot about everything else. I want to peacefully live by building a house in a natural field and growing plants to eat. How cheerful!

သဘာဝမရှိဘူး။ ဒါပေမယ့် သံသရာလည်တာပဲရှိတယ်။ 

အင်း..သံသရာတွေလည်နေတာ ကိုယ့်အိမ်နားကအပင်လေးတွေပဲကိုယ့်စိုက်ထားတာလေးတွေပဲကြည်နူးနေရတာပေါ့နော်။ ပြန်လာရင်ရေလောင်း အော် ငါအပင်လေးကို ပေါင်းလေးနုတ်လိုက်ပေါ့။ တစ်ချက်နှစ်ချက်ပေါ့။ အားမှမအားတာရော။ ပေါင်းရှုပ်တဲ့နေရာပဲနုတ်ရတာပေါ့။ 

We do not have nature, but we have samsara (life cycles).

Yes, we have life cycles. When we look at flowers near our house, that makes us cheerful.

When I come back from work, I water them and clear weeds. Sometimes, I am not free. I only clear where there are weeds.

သစ်ပင်စိုက်တာ စားဖို့အတွက်ပဲ။ ပျော်စရာကောင်းတယ်။ သစ်ပင်စိုက်စားတာ ပျော်စရာကောင်းတယ်။ အသီးအနှံတွေစိုက်တာ။ 

ကိုယ့်ဟာကိုယ် အပင်လေးတွေမြင်တော့စိတ်ချမ်းသာတာပေ့ါ။ စိတ်ချမ်းသာတော့ လူကြည်နူးတာပေါ့။ မနက်မိုးလင်းထတာနဲ့ ရေသွားလောင်းပေးလိုက်။ အပင်သန်အောင်ပေါ့။ သဘာဝက အပင်ကြီးကြီးလာတော့ အပွင့်အပွင့်ထွက်တော့ အသီးသီးတော့ စားရတာပေါ့။ 

ဟုတ်တယ် ဒီမှာဆိုတော့ စိုက်စားလို့မရဘူး။ မြို့မှာနေတော့ ကွက်လပ်ကလေးဘာလေးက ကျဥ်းတာပေါ့ ကိုယ်တစ်နေရာလေးတွေဆိုတော့။ ကွက်လပ်ကလေးရှိတဲ့နေရာလေးက ထိုးထုတ်ပြီး စိုက်နေရတာ။ သဘာဝမို့လို့သာစိုက်နေရတာ။ ကိုယ်ဝိုင်း ကိုယ့်ခြံလိုတော့ဘယ်လုပ်ချင်လို့မရလဲ။ 

ဝမ်းစာရေးလုပ်စားကိုယ်စားရတာ ဘယ်လိုပန်းပင်ရတယ်။ ရလမ်းကို ဘယ်လိုကြံစည်ပြီးလုပ်ရတာပေါ့. စီးပွားရေး။ 

ဆိုင်ကယ်ရိုက်ရခြင်းအကြောင်းက ဒီလို ဆိုင်ကယ်ပျောက်လို့ရှိရင် ပြန်ရှာလိုလွယ်အောင် မှတ်ထားလိုက်တယ်။ ဓာတ်ပုံနဲ့ထည့်ပြီး မှတ်ထားလိုက်တာပေါ့ ဟားးး။ 

Growing plants is for eating. Growing plants makes us happy. Growing vegetables. When we, ourselves, see plants, we feel happy. Since we are happy, we feel cheerful. As soon as I get up in the morning, I go and water them to make them grow. Naturally, the plants become big, have flowers, and bear fruits. We can eat them. In our village, we can grow plants. Not here. In urban areas, the space is too narrow. The space available is only for us. When we have a small space where plants can grow, we plant them. Despite planting them, it is not like our own place.

I wanted to show how we tried to meet basic needs and how we were trying to find a way for our economic situation.

သဘာဝအလှပုံ ဗောဓိညောင်ပင် ကိုယ်မစိုက်ပဲ သဘာဝပေါက်တဲ့အပင်.. ဘုန်းကြီးကျောင်းမှာ အမြတ်တနိုးထားတဲ့အပင်.. ညောင်ပင်က စိတ်ကြည်နူးတယ်.. အမြဲရှင်သန်တဲ့အပင်.. လူ့ဘဝလို အသက်ရှင်နေရတယ်.. အသက်ရှည်သောအပင်.. အပင်ပြန်ပေါက်နိုင်တယ်။

The picture of beautiful nature. The Bodhi tree is not cultivated by humans, it grows naturally. It is a holy tree in the monastery. It can make your mind be clear and make you live long. It lives like humans. A tree that lives long and heals itself.

© ေဒ#အလံ’

© ဦးခမ်း อู้แคม

ရဲယိုပင်လို့ခေါ်ပါတယ်.. ရဲယိုပင်က ရင်ကြပ်ပန်းနာအတွက် ကောင်းပါတယ်..အသီးလည်းစားလို့ရတယ်.. ကိုယ့်ကိုယ်ကိုစိုက်တဲ့အပင်ပါ.. အရွက်ပြုတ်စားတယ်.. ဆယ့်နှစ်ရာသီအလိုက်သီးတယ်.. အိမ်နီးနားချင်းတွေကိုလည်း ပေးပါတယ်.. သဘာဝဆေးပင် ဒီအပင်ရဲ့အသီး၊ အရွက်ကို ဆေးအဖြစ်သုံးလို့ရတယ်.. ဆေးပင်အဖြစ်အဖိုးရဲ့ အကူအညီဖြစ် ကူညီပေးပါတယ်။

This plant is called Indian mulberry (Ye Yo Pin). The plant is good for asthma. Fruits are edible. I cultivated it myself. We eat its leaves after boiling them. It is a seasonal plant. I give its fruits to my neighbours. It is a herbal plant and its fruits and leaves are used as medicine. With the help of this herbal plant, I am able to help them.

ပိန္နဲပင်စားလို့ရပါတယ်.. အားလုံးစားလို့ရတယ်.. အဖိုးအတွက် ကုသိုလ်ရပါတယ်.. ငယ်ဘဝက စားလာရတဲ့အသီးပါ။

Jackfruit is edible. All of you can eat it. I get merit. I have been eating the fruit since I was young.


Leave a Reply

Your email address will not be published. Required fields are marked *