What is Care? A Photo Exhibition 

Samia Akhter-Khan
1 May 2023
Share:

In this photovoice exhibition, nine older people from Myanmar living in Mae Sai share their perspectives on their daily lives and what care means to them, shedding light on the importance of nature and religion. This participatory project was part of Samia Akhter-Khan’s PhD project and co-produced with Ben Lu, a 60-year-old woman from Myanmar living in Mae Sai. Pre- and post-comparisons of loneliness show that older people felt less lonely after the project, suggesting that photovoice may function as an intervention for loneliness among older migrants. The exhibition was curated by participants themselves, was exhibited live in Mae Sai and London, and is divided into four parts. The first part focuses on the definition of care and visualizes how older people provide for others

ဂရုစိုက်မှု

ကိုယ့်သားသမီးတွေငယ်ငယ်က တအားဂရုစိုက်ရမယ်။ ဒုက္ခိတအဘိုးအဘွားတွေကိုလည်းဂရုစိုက်ရမယ်။ ဂရုစိုက်ခြင်းကတော့ အမျိုးမျိုးရှိတာပဲ။ မိဘတွေအသက်ကြီးရင်လည်း ဂရုစိုက်ရတယ်။ ကျန်းမာရေးတို့ဘာတို့ပေါ့နော်၊ မိတ်ဆွေအပေါင်းအသင်း၊ စီးပွားရေးအဆင်ပြေလား ပေါ့။ 

နောက်တစ်ချက်က ဂရုစိုက်တာက အရမ်းကျယ်ပြန့်တယ်။ ဒီခေတ်ဒီစနစ်အရ ဒီဂရုစိုက်မှုဆိုတာကြီးက စကားပဲကျန်ပြီး ဘယ်သူမှလိုက်နာခြင်းမရှိတော့ဘူး။ သားသမီးတွေက ကိုယ်အလုပ်ပဲကိုယ်၊ ရှေ့ပဲသွားရင်း မိဘတွေကိုထားခဲ့၊ မိဘတွေ စားရမှန်းမစားရမှန်းမသိဘူး။ အဲဒီ့စကားလုံးရဲ့ အဓိပ္ပါယ်ကအင်မတန်မှ လေးနက်ပြီးတော့ အင်မတန်မှသနားဖို့ကောင်းတဲ့ စကားလုံးတစ်လုံး။  

Care

We had to take much care of our children when they were young. We also have to take care of older people with disabilities. There are different kinds of care. When parents are getting old, we also have to take care of them. Have to take care of their health, their friendships, and whether their economic situation is fine. Besides, the meaning of care is very broad. In the current era, this word remains just a word. No one is implementing this word. Children, themselves, are taking care of their jobs, focusing on their future, and they leave their parents. They do not care whether their parents eat or not. Its meaning is very fundamental, and it is a very poor word.

အမေကို ဂရုစိုက်ရမယ်။ အမေရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ်။ အမေများ ဘာဖြစ်သွားမှာလဲ အဲ့ဒါ ဂရုစိုက်ရ မယ်။

We have to take care of our mother, her health and whatever happens to her, we have to care.

ဒီထိုင်းနိုင်ငံမှာ များသောအားဖြင့် ကိုယ်က ဗမာပြည်ကသူတွေဆိုတော့ ကိုယ့်ကိုယ်ကို မှ ဂရုမစိုက်ရင် ဘယ်သူမှ လာဂရုမစိုက်နိုင်ဘူး။ သားသမီးတွေကလည်း မအားဘူး။ သူတို့အလုပ်နဲ့သူတို့။ သားသမီးတွေလည်း အားကိုးလို့မရဘူး။ သူတို့ကလည်း သူတို့အလုပ်ပဲ ဂရုစိုက်တာပဲ။ ကိုယ်ကလည်း ကိုယ့်အလုပ်ကိုယ် ကျန်းမာရေးကောင်းဖို့ရာ၊ သွားတာလာတာကို ဘယ်လိုနေမှသင့်တော်မယ် ဘာလုပ်ရမယ်နဲ့ ပိုဂရုစိုက်ရတယ်။ သူဆိုလိုချင်တာက တစ်ယောက်နဲ့ တစ်ယောက်ခံစားချက်ကို ဒီစကားလုံးကဖော်ပေးပါပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စကားလုံးချင်း မတူရဘူးပေါ့။

In Thailand, we have to take care of ourselves to prevent this and that from happening. We are taking care of our health. Mostly, in this country, if we, who come from Myanmar, do not take care of ourselves, no one cares for us. Children are not free because of their jobs. We cannot rely on them. They take care of their jobs only. We have to take care of our health, how we should live, and what we should do. 

ကျမမြေးမလေးငိုနေပါတယ် 

သူမလေးကအရမ်းကို ချစ်ဖို့ကောင်းပါတယ် 

သူမလေးကို ကျမသိပ် ကိုချစ်ပါတယ် 

သူမလေးက အဖွားကို နွဲ့ဆိုးလဲဆိုးတတ်ပါတယ် 

သူမလေးက တမိသားစုလုံးအချစ်ဆုံး 

အမောပြေလေးပါဘဲရှင် 

ပုံထဲက အဖြစ်အပျက်မဖြစ်ခင်မှာ  

မုန့်တောင်းပါတယ် နောက် ၁ မိနစ်မှာတော့  

သူပျော်သွားပါတယ် ပုံထဲက ဖြစ်ပျက်မဖြစ်ခင်  

၁ နာရီမှာ ရေချိုးပေးဖြစ်ခဲ့ပါတ​ယ် ဖြစ်ပြီး  

၁ နာရီမှာတော့ သူမလေး အိပ်ပျော်သွားပါတယ် 

ပုံထဲက ဖြစ်ပျက်မဖြစ်ခင် ၁ ရက်အလိုမှာ  

အိမ်သွားလည်ခဲ့ပါတယ် ဖြစ်ပြီးနောက် ၁  

ရက်မှာတော့  

သူ့မေမေအလုပ်ခွင်ထဲမှာခဏသွားခဲ့ပါတယ်ရှင် 

My granddaughter is crying
She is very cute
I love her so much
She often annoys her grandmother
She is the favorite of the whole family
Stay in peace
Before the event in the picture
She asked for a snack. The next minute, she was happy before the picture was taken. One hour before, she was given a bath,
One hour later, she fell asleep,
1 day before the event in the picture
After visiting home 1
On the day
Her mother went to work for a while

ကိုယ့်ကိုယ်ကိုလည်းအသက်ကြီးတော့ ဂရုစိုက်ရတာပေါ့။ အသက်ကြီးတဲ့သူတွေက ပိုသနားဖို့ကောင်း တာပေါ့။ သားသမီးတွေရဲ့ ဂရုစိုက်ခြင်းမခံရဘူးပေါ့။ ဟိုဟာမဖြစ်အောင် ဒီဟာမဖြစ်အောင် ကိုယ့်ကိုယ် ကိုလည်း ဂရုစိုက်နေရတာ။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်နေရတယ်။

As we are getting older, we have to take care of ourselves. Older people can be pitied because they are not taken care of by their children. So, we have to take care of ourselves to prevent this and that from happening. We also have to take care of our health.

ချက်ပြုတ်နေတယ်.. နေမကောင်းလည်းကြိုးစားလုပ်ရတယ်.. မိသားစုအဆင်ပြေရေးအတွက်လည်း လုပ်ရတယ်… လူကြီး(စကား)နားထောင်ပေးပါ… ကလေးတွေ လိမ်လိမ်မာမာနေပါ။

I’m cooking. Although I’m sick, I have to work hard. I have to work for my family’s convenience. Listen to older people, please be clever children.

I’m teaching my grandchild to cook. I’ve been thinking and hoping. I have to eat after doing tiring work.

သဘာဝအလှပုံ ဗောဓိညောင်ပင် ကိုယ်မစိုက်ပဲ သဘာဝပေါက်တဲ့အပင်.. ဘုန်းကြီးကျောင်းမှာ အမြတ်တနိုးထားတဲ့အပင်.. ညောင်ပင်က စိတ်ကြည်နူးတယ်.. အမြဲရှင်သန်တဲ့အပင်.. လူ့ဘဝလို အသက်ရှင်နေရတယ်.. အသက်ရှည်သောအပင်.. အပင်ပြန်ပေါက်နိုင်တယ်။

ã ဒေ#ွမ ดอเมี&ยต

ã ဒေ#ွမ ดอเมี&ยต


Leave a Reply

Your email address will not be published. Required fields are marked *